+- +-

+-User

Welcome, Guest.
Please login or register.
 
 
 
Forgot your password?

+-Stats ezBlock

Members
Total Members: 9
Latest: Aung Ko Ko Lynn
New This Month: 0
New This Week: 0
New Today: 0
Stats
Total Posts: 8
Total Topics: 8
Most Online Today: 9
Most Online Ever: 206
(April 22, 2021, 01:16:56 am)
Users Online
Members: 0
Guests: 1
Total: 1

Recent Posts

Pages: [1]
1
" ဗဟိုစာရင်းအင်းအဖွဲ့ မိသားစု ဖိုရမ် " အသင်းသားများအားလုံးလိုက်နာရန် စည်းကမ်းချက်များ

၁။     ဤဖိုရမ်တွင် နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး နှင့်ပက်သက်သည့် အငြင်းပွားစေမည့်၊ အမုန်းပွားစေမည့် ပိုစ့်များ၊ တော့ပစ်များ လုံးဝ(လုံးဝ) တင်ခွင့်မပြုပါ။ ဤစည်းကမ်းချက်ကို မလိုက်နာပါက ဖိုရမ်အဖွဲ့ဝင်အား ဖိုရမ်အုပ်ချုပ်သူများ၊ ကြီးကြပ်ရေးမှူးများမှ (၃)ကြိမ်တိတိ သတိပေးမည်ဖြစ်သည်။ သတိပေးချက်အား မလိုက်နာဘဲ ဆက်လက်၍ ရေးသားဆောင်ရွက်နေပါက ဖိုရမ်အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်း ခံရမည် ဖြစ်ပြီး ၎င်းအသင်းဝင်တင်ထားသော Post များ၊ Topic များအားလည်း ဖျက်သိမ်းမည် ဖြစ်သည်။ လိုအပ်ပါက ၎င်းအဖွဲ့ဝင်အသုံးပြုသော IP Address ကိုပါ ရပ်စဲမည် ဖြစ်သည်။

၂။     ဤဖိုရမ်တွင် ညစ်ညမ်းစွာ ရေးသားပြောဆိုခြင်း၊ ညစ်ညမ်းစာသားများ တင်ခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ တစ်ဦးနှင့်တစ်ဦး ရိုင်းပြစွာ (စနောက်သည့် သဘောပင်ဖြစ်စေ) ပြောဆိုဆက်ဆံခြင်းများကို ပြင်းထန်စွာ တားမြစ်သည်။ ဤစည်းကမ်းချက်ကို မလိုက်နာပါက ဖိုရမ်အဖွဲ့ဝင်အား ဖိုရမ်အုပ်ချုပ်သူများ၊ ကြီးကြပ်ရေးမှူးများမှ (၃)ကြိမ်တိတိ သတိပေးမည်ဖြစ်သည်။ သတိပေးချက်အား မလိုက်နာဘဲ ဆက်လက်၍ ရေးသားဆောင်ရွက်နေပါက ဖိုရမ်အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်း ခံရမည် ဖြစ်ပြီး ၎င်းအသင်းဝင်တင်ထားသော Post များ၊ Topic များအားလည်း ဖျက်သိမ်းမည် ဖြစ်သည်။

၃။     ဤဖိုရမ်တွင် ဖိုရမ်အသင်းသူ/အသင်းသားများ၏ ချစ်ကြည်ရင်းနှီးမှုကို ပျက်စီးစေရန် ရည်ရွယ်၍ ပြောဆိုခြင်း၊ လှုံ့ဆော်ခြင်း၊ ဖိုရမ်အသင်းသူ/အသင်းသားများအား နှောက်ယှက်ခြင်း၊ ရန်စခြင်း၊ မခံမရပ်နိုင်အောင် ပြောဆိုခြင်းများ တွေ့ရှိပါက (သို့မဟုတ်) တိုင်ကြားခြင်းခံရပါက အသင်းဝင်အဖြစ်မှ (ချက်ချင်း) ထုတ်ပယ်မည် ဖြစ်သည်။ မိမိတို့အား နှောက်ယှက်ခြင်း၊ တိုက်ခိုက်ခြင်းများ ရှိပါကလည်း ဖိုရမ်တာဝန်ရှိသူများထံ တိုင်ကြားရန် မေတ္တာရပ်ခံအပ်ပါသည်။ ဖိုရမ်တာဝန်ရှိသူများမှ လိုအပ်သလို အရေးယူဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

၎။     ဤဖိုရမ်တွင် ဘာသာရေး၊ ကိုးကွယ်ယုံကြည်မှုများနှင့်ပက်သက်၍ လွတ်လပ်စွာ ဆွေးနွေးခွင့်ပြုသည်။ အခြားသူများ၏ ဘာသာရေးနှင့် ကိုးကွယ်ယုံကြည်မှုကို ထိခိုက်စော်ကားခြင်း၊ နှိမ့်ချခြင်း၊ ကဲ့ရဲ့ပစ်တင်ခြင်း၊ ရိုင်းပြစွာ ဝေဖန်ပြောဆိုခြင်း များကို ပြင်းထန်စွာ တားမြစ်သည်။  ဤစည်းကမ်းချက်ကို မလိုက်နာပါက ဖိုရမ်အဖွဲ့ဝင်အား ဖိုရမ်အုပ်ချုပ်သူများ၊ ကြီးကြပ်ရေးမှူးများမှ (၃)ကြိမ်တိတိ သတိပေးမည်ဖြစ်သည်။ သတိပေးချက်အား မလိုက်နာဘဲ ဆက်လက်၍ ရေးသားဆောင်ရွက်နေပါက ဖိုရမ်အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်း ခံရမည် ဖြစ်ပြီး ၎င်းအသင်းဝင်တင်ထားသော Post များ၊ Topic များအားလည်း ဖျက်သိမ်းမည် ဖြစ်သည်။ လိုအပ်ပါက ၎င်းအဖွဲ့ဝင်အသုံးပြုသော IP Address ကိုပါ ရပ်စဲမည် ဖြစ်သည်။ ယဉ်ကျေးစွာ ပြောဆိုဆွေးနွေးကြပါရန် မေတ္တာရပ်ခံပါသည်။

၅။     ဤဖိုရမ်တွင် နည်းပညာပြန့်ပွားတိုးတက်စေရန်အတွက် နည်းပညာနှင့် ပက်သက်သည့် ကဏ္ဍကို ထည့်သွင်းပေးထားပါသည်။ နည်းပညာနှင့်ပက်သက်သော Movie, Book, Tools, Solution များအား ဖိုရမ်အဖွဲ့ဝင်အချင်းချင်း ဝေမျှနိုင်သည်။ မိမိတို့ ဝေမျှသော ပိုစ့်များသည် အခြားသော ဖိုရမ်များ၊ ဝဘ်ဆိုဒ်များမှ ကူးယူခဲ့ပါက မိမိတို့ မူရင်းကူးယူခဲ့သော source ကို "code" ပြုလုပ်ရန် credit ပေးရန် လိုအပ်ပါသည်။ ဤစည်းကမ်းသည် ဖိုရမ်တိုင်းလိုက်နာကျင့်သုံးကြသော စည်းကမ်းဖြစ်ပါသည်။ အကယ်၍ မူရင်းရေးသားသူမှ လက်မခံကြောင်း တိုင်တန်းခံရပါက တိုင်တန်းခံရသော ပိုစ့်၊ Topic အား ဖျက်သိမ်းမည် ဖြစ်ပါသည်။

၆။     ဤဖိုရမ်တွင် စာကြည့်တိုက်ကဏ္ဍကိုလည်း ထည့်သွင်းပေးထားပါသည်။ ဖိုရမ် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာအုပ်များ ဝေမျှပေးကြရန်နှင့် ဝေမျှပေးသော စာအုပ်များ၏ မူရင်း တင်ထားသော source အား credit ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

၇။     ဤဖိုရမ်သည် အခကြေးငွေဖြင့် နည်းပညာများ၊ စာအုပ်များ ရောင်းချခြင်းမဟုတ်သည့်အတွက် အမှားအယွင်းရှိသည်များ၊ လိုအပ်ချက်ရှိသည်များကို အေးချမ်းစွာ ဖြေရှင်းကြရန်နှင့် အေးချမ်းပျော်ရွှင်စွာ လာရောက်လည်ပတ် အသုံးပြုကြရန် မေတ္တာရပ်ခံအပ်ပါသည်။
Pages: [1]

+-Recent Topics

စည်းကမ်းချက်များ by phonethant
March 01, 2017, 03:12:48 pm